သြစတေးလျပန်းချီဆရာ Pro Hart ကို ၁၉၂၈ခုနှစ် မေလ (၃၀) ရက်နေ့မှာ New South Wales ရှိ Broken တောင်ကုန်းပေါ်မှာ မွေးဖွားခဲ့ပြီး၊ ဖခင်ဟာ သြစတေးလျနိုင်ငံရဲ့ ကျော်ကြားတဲ့ ပန်းပုဆရာတစ်ဦး ဖြစ်ပါတယ်။ သူရဲ့ နာမည် Kevin Charles "Pro" Hart မှာ pro ရဲ့ အဓိပ္ပါယ်မှာ professor လို့ ရည်ညွှန်းခြင်းဖြစ်ပြီး၊ အရာအားလုံးကို သိမြင်ပြီး၊ လုပ်ဆောင်နိုင်ခြင်းကြောင့် ခေါ်ဆိုကြခြင်း ဖြစ်ပါတယ်။
သူဟာ vintage cars, grade pistol shooter တွေကို စုဆောင်းရန် ဝါသနာပါပြီး၊ စက်တွေကို တီထွင်ရန်လည်း ဝါသနာပါသူ တစ်ဦး ဖြစ်ပါတယ်။ သူဟာ သြစတေးလျနိုင်ငံရဲ့ အကြီးဆုံး Rodgers Electric Pipe Organ တွေကို ပြုလုပ်ခဲ့ပါတယ်။ ပန်းပုထုရာမှာလည်း steel, bronze, ceramics တို့ကို ဂဟေဆက်ရာမှာ သုံးခဲ့ပါတယ်။
သူဟာ Broken တောင်ကုန်းတစ်ဝိုက်႟ှိ သိုးအုပ်ကြားမှာ ကြီးပြင်းလာခဲ့ရသော်လည်းပဲ သူရေးဆွဲတဲ့ "From the White House to Buckingham Palace" ပန်းချီကားဟာ သူ့ကို ကျော်ကြားတဲ့ သြစတေးလျ ပန်းချီဆရာတစ်ဦး ဖြစ်စေခဲ့ပါတယ်။ အဲဒီနောက် သူဟာ မြို့ရဲ့ ထင်႟ှားတဲ့ မိုင်းတွင်းမှာလည်း eccentric miner အဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ သူဟာ သူရဲ့ဇနီး Raylee Tonkin နဲ့ ၁၉၆၀ခုနှစ်မှာ လက်ထပ်ခဲ့ပြီး၊ သား(၃) ယောက်နဲ့ သမီး(၂) ယောက် ထွန်းကားခဲ့ပါတယ်။
အသက်(၇)နှစ်အ႟ွယ်မှာ ပန်းချီဆွဲခြင်းကို စတင် လုပ်ဆောင်ခဲ့ပြီး၊ အသက်(၂၇)နှစ်မှာ သူရဲ့ ပထမဦးဆုံးပြပွဲကို Adelaide မြို့ရှိ Bonython ပြခန်းတွင် ၁၉၆၂ခုနှစ်က ကျင်းပခဲ့ပါတယ်။ အဲဒီအချိန် ကတည်းကပင် သူဟာ race meetings, pubs, cattle drives စတဲ့ ပန်းချီတွေနဲ့ လူုထုကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်ကစပြီး သူဟာ ပန်းချီဆွဲခြင်းကို တစ်စိုက်မတ်မတ် လုပ်ခဲ့ပါတယ်။
သူဟာ carbide lamps တွေရဲ့ အလင်းပြောင်းလဲမှုကို အသုံချပြီး "Light out of dark" ပန်းချီကားကို ရေးဆွဲခဲ့ပါတယ်။ သူရဲ့ ပန်းချီကားတွေဟာ များသော အားဖြင့် သြစတေးလျနိုင်ငံရဲ့ ႟ှုခင်းတွေကို ရေးဆွဲထားပါတယ်။ သူရဲ့ ပန်းချီကားတွေဟာ ခရီးသွားတွေကို စွဲဆောင်နိုင်ခဲ့ပါတယ်။
သူရဲ့ ပန်းချီကား အတော်များများကို ကမ္ဘာအနှံ့႟ှိ ပြခန်းများမှာ ပြသထားပါတယ်။ ၁၉၇၀နှင့် ၁၉၈၀ဝန်းကျင်အတွင်း အင်္ဂလန်မှာ ပြုလုပ်တဲ့ သူရဲ့ ပြပွဲမှာ ပန်းချီကား(၃)ကား ကို ဖိလစ်ပိုင်ဘုရင်က ဝယ်ယူသွားခဲ့ပါတယ်။ US နိုင်ငံကလည်း အိမ်ဖြူတော်ပြခန်းမှာ ထား႟ှိရန်အတွက် ပန်းချီကားတစ်ကားကို ဝယ်ယူခဲ့ပါတယ်။ သူရဲ့ပန်းချီကားတွေဟာ Isreal နဲ့ Egypt နိုင်ငံတွေအထိ ပြန့်နှံ့သွားခဲ့ပါတယ်။
၁၉၇၆ခုနှစ်မှာ သူဟာ ဗြိတိန်အင်ပါယာရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်လာပြီး၊ ၁၉၈၃ ခုနှစ်မှာ "Austrilian Citizen of the year" ဆုကို ရ႟ှိခဲ့ပါတယ်။
သူဟာ သြစတေးလျနိုင်ငံရဲ့ ကျော်ကြားတဲ့ ပန်းချီဆရာတစ်ဦး ဖြစ်ခဲ့သော်လည်း သူရဲ့ ပန်းချီကားတွေကိုတော့ သြစတေးလျနိုင်ငံ႟ှိ ပြခန်းမှာ ပြသထားခြင်းမ႟ှိပါဘူး။
သူဟာ motor neurone disease ရောဂါဝေဒနာကို ခံစားရပြီး၊ ၂၀၀၆ခုနှစ် မတ်လ(၂၈)ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူရဲ့ နောက်ဆုံးသက်တမ်း (၆)လမှာ ငြိမ်းချမ်းစွာ နေလိုတဲ့အတွက် ပန်းချီဆွဲခြင်းကို ရပ်နားခဲ့တယ် လို့ သူရဲ့သား John Hart က ပြောခဲ့ပါတယ်။ သူရဲ့ အသုဘ အခမ်းအနားကို ၂၀၀၆ခုနှစ် ဧပြီလ (၄)ရက်နေ့ မှာ Broken တောင်ကုန်းပေါ်မှာ ကျင်းပခဲ့ပါတယ်။
|
|
Solo Show
Not Available Now |
|
Group Show
Not Available Now |
|
Collections
Not Available Now |
|
Web Site
Not Available Now |