Media Feature
Maqbool Fida Hussain

ပရိတ်သက်များ အနေဖြင့် ချစ်လည်းချစ်နိုင်ပါသည်မုန်းလည်းမုန်းနိုင်ပါသည်သို့သော် မည်သူတစ်ဦးတစ်ယောက်မျှ သူ့အား လျစ်လျူရှု၍ မရနိုင်ပေ။ ထိုသူကား ကမ္ဘာကျော် အိန္ဒိယ ပန်းချီဆရာကြီး Maqbool Fida Hussain (M F Hussain) ပင်ဖြစ်ပါသည်။ (M F Hussain) သည် အမြဲပင် အငြင်းပွားဖွယ်ရာများနှင့် သတင်းများတွင် ပါဝင်လေ့ ရှိသူဖြစ်ပါသည်။ ထို့ကြောင့် (M F Hussain) သည် နာမည်ကျော်ကြားခြင်းများနှင့်အတူ အိန္ဒိယပန်းချီဆရာများ အကြားတွင် အမွန်းတင်ခံရသည့် ပုဂ္ဂိုလ် icon သဖွယ် ဖြစ်လာပါသည်။
M F Hussain အား ၁၉၁၅ စက်တင်ဘာ ၁၇ ရက်နေ့တွင် အိန္ဒိယနိုင်ငံ Pandharpur, Maharashtra တွင် မွေးဖွားခဲ့ပါသည်။ မိခင်ဖြစ်သူမှာ M F Hussain တစ်နှစ်ခွဲ အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။ ဖခင်ဖြစ်သူမှာလည်း အိမ်ထောင်အသစ်တစ်ခု ဖန်တီးကာ Indore သို့ပြောင်းရွေ့သွားခဲ့ပါသည်။ M F Hussain သည် ကျောင်းပညာရပ်များကို Indore ၌ပင် လေ့လာဆည်းပူးခဲ့ပါသည်။ ၁၉၃၅ ခုနှစ်တွင် Bombay သို့ပြောင်းရွေ့ကာ Sir J.J ပန်းချီပညာသင်ကျောင်းတွင် ပန်းချီပညာရပ်များကို လေ့လာဆည်းပူးခဲ့ပါသည်။

M F Hussain သည် ရုပ်ရှင်ကြော်ငြာဆိုင်းဘုတ်ကြီးများကို စတင်ရေးဆွဲခဲ့ပါသည်။ ၁၉၄၀ နှောင်းပိုင်းကာလများတွင် သူ့အား ပန်းချီဆရာတစ်ဦးအဖြစ် ထင်ရှားကျော်ကြားမှုကို ဖြစ်စေခဲ့ပါသည်။ ၁၉၅၂ခုနှစ်တွင် M F Hussain ၏တစ်ကိုယ်တော် ပန်းချီပြပွဲအား Zurich ၌ ကျင်းပပြီး နောက်ပိုင်း မကြာခင်အချိန်ကာလအတွင်း မှာပင် သူသည် ဥရောပ နှင့် အမေရိက တို့တွင် ထင်ရှားကျော်ကြားလာခဲ့ပါသည်။ထို့အတူ အိန္ဒိယပန်းချီလောက၌ ဈေးအမြင့်မားဆုံး ပန်းချီဆရာတစ်ဦးလည်း ဖြစ်လာခဲ့ပါသည်။M F Hussain ၏ ပန်းချီလက်ရာများသည်လည်း ပြပွဲများ၌ ဒေါ်လာ သန်းပေါင်းများစွာ ဈေးရရှိခဲ့ပါသည်။

၁၉၆၆ ခုနှစ်တွင်မူ M F Hussain သည် အိန္ဒိယအစိုးရ၏ ဂုဏ်ပြုအပ်နှင်းမှုများ ရရှိခဲ့ပါသည်။၁၉၆၇ ခုနှစ်တွင်မူ သူ၏ ပထမဆုံးသော ရုပ်ရှင်ဇာတ်ကား "Through the Eyes of a Painter" အား စတင်ရိုက်ကူးခဲ့ပါသည်။ ထိုဇာတ်ကားအား ဘာလင်ရုပ်ရှင်ပွဲတော်တွင် ပြသကာ ရွှေဝက်ဝံဆုအား ရရှိခဲ့ပါသည်။ထို့အပြင်M F Hussain သည် ဟိန္ဒူရုပ်ရှင်ဇာတ်ကား "Gaja Gamini" "Meenaxi:A Tale of Three Cities" တို့ကိုလည်း ရိုက်ကူးခဲ့ပါသည်။ လူသားတို့၏ သဘောထားခံယူချက်များနှင့်ဆန့်ကျင်ကာ ဟိန္ဒူဘုရားများ၏ ဝတ်လစ်စလစ်ပုံတူ ပန်းချီကားများ ရေးဆွဲခြင်းကြောင့် M F Husain အားမကျေနပ်မှု အငြင်းပွားမှုများစွာ ရှိခဲ့ပါသည်။ သို့သော်M F Hussain ၏ ပညာသားပါပြီး သူမတူအောင်ကောင်းမွန်သည့် အနုပညာလက်ရာများသည် ခံစားကြည့်ရှုသူ ပရိတ်သတ်များအား နှစ်သက်ကြည်နူးမှုကို ပေးစွမ်းနိုင်ဆဲ ဖြစ်ပါသည်။

Submitted Date : 25, Sep, 2008