Media Feature
The Pope of Pop

Andy Warhol အား Pennsylvania ရှိ Pittsburgh တွင် ၁၉၂၈ ခုနှစ် ၌ မွေးဖွားခဲ့ပါသည်။ မွေးရပ်မြေတွင် ပညာသင်ယူ ပြီးမြောက် သောအခါ Andy Warhol သည် New York သို့ပြောင်းရွေ့ခါ ပုံနှိပ်လုပ်ငန်းများ အတွက် ရုပ်ပုံများ ရေးဆွဲပေးရုံ သာမက ခေတ်မီ ဖက်ရှင် ဒီဇိုင်းများ အတွက် ကြော်ငြာများကိုပါ ဖန်တီး ရေးဆွဲပေးနိုင်ခဲ့ပါသည်။ သူ၏ စိတ်ဝင်စားမှု ဝါသနာကြီးမားမှု များဖြင့် ထိုခေတ်အချိန်ကာလတွင် မီဒီယာလောကကို လွှမ်းမိုး ချုပ်ကိုင်ထား နိုင်ခဲ့ပါသည်။ ၁၉၅၀ပြည့်နှစ် အလွန်များတွင်မူ စီးပွားရေး ကြော်ငြာလုပ်ငန်းများအတွက် ဖန်တီး ရေးဆွဲနိုင်သော နာမည်ကြီး ပန်းချီဆရာတစ်ဦး ဖြစ်လာသည်နှင့်အတူ ကြီးကျယ်ခမ်းနားသော အောင်မြင်မှုများဖြင့် ဂုဏ်ပြုအပ်နှင်းမှုများစွာ ရရှိခဲ့ပါသည်။ Andy Warhol သည် သူ၏ တစ်ကိုယ်တော် ပန်းချီပြပွဲ အခမ်းအနားအား Hugo Gallery ၌ ၁၉၅၂ခုနှစ်တွင် ကျင်းပနိုင်ခဲ့ပြီး အုပ်စုလိုက်ပြပွဲများကိုမူ ၁၉၅၆ ခုနှစ် တွင် ပါဝင် ပြသနိုင်ခဲ့ပါသည်။

၁၉၆၁ ခုနှစ်တွင်မူ သူ၏ ပထမဆုံး ပိုးဇာပုံနှိပ်ခြင်းများကို အသင့်စားသုံးနိုင်သော သံဗူးများပေါ်တွင် အမှတ်အသား တံဆိပ်များကို ရိုက်နှိပ်ဖန်တီး နိုင်ခဲ့ပါသည်။ Andy Warhol သည် နေ့စဉ်အသုံးအဆောင် ပစ္စည်းများ အထိမ်းအမှတ် ပစ္စည်းများပေါ်တွင် ရေးဆွဲဖော်ပြခြင်းဖြင့် သူ၏ အနုပညာအား ဆက်လက်ရှင်သန်စေခဲ့ပါသည်။ Warhol ၏ အမှတ်သင်္ကေတများအဖြစ် Cocola ပုလင်းများ Brillo boxes များနှင့် Dollar Bills များတွင် တွေ့မြင်နိုင်ပါသည်။ ထိုပိုးဇာပုံနှိပ်ခြင်း နည်းပညာများဖြင့် အားအာရုံ့စူးစိုက်မှု အခံရဆုံး ပညာရှင် တစ်ဦးအဖြစ်ထင်ရှားကျော်ကြား စေခဲ့ပါသည်။ Warhol အား ထပ်မံ ကျော်ကြားစေသည့် အရာတစ်ခုမှာ Death and Distater ဟုအမည်ရသည့် ပန်းချီကားများဖြစ်ပါသည်။

၁၉၆၂ ခုနှစ် မှ ၁၉၆၄ ခုနှစ်အတွင်းတွင်မူ ထင်ရှာကျော်ကြား ရေပန်းစားနေသည့် ပုဂ္ဂိုလ်များ ဖြစ်သည့် Marilyns, Jackies, Elvis တို့၏ ပုံများကို ဆန်းပြားသော အရောင်များဖြင့် ရေးဆွဲခဲ့သဖြင့် သူ၏ ပန်းချီလက်ရာများ သည်လည်း ထင်ရှားကျော်ကြား လာခဲ့ပါသည်။ Andy Warhol ပန်းချီပြပွဲ မြောက်များစွာကို ကျင်းပပြုလုပ်ခဲ့ပါသည်။ Andy Warhol သည် ပန်းချီအနုပညာ နှင့် စီးပွားရေးကြော်ငြာ အနုပညာများကြားတွင် ရှိသော အမြင်ရေးဆွဲနည်း ကိုလည်း ဆန်းသစ်နိုင်ခဲ့ပါသည်။ Warholသည် ကိုယ်တိုင်ရေး အတဉုပတ္တိ စာအုပ်ကိုလည်း ရေးသား ထုတ်ဝေခဲ့ပါသည်။ ၁၉၈၀ပြည့်နှစ် နှောင်းပိုင်း ကာလများတွင်မူ တရုတ်နိုင်ငံ၏ ခေါင်းဆောင်ကြီး မော်စီတုန်း၏ ပုံတူကိုရေးဆွဲ ခြင်းဖြင့် ပရိတ်သတ်၏အမြင် အာရုံ့ကို ဖမ်းစားနိုင်ခဲ့ပါသည်။ ၁၉၈၇ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင်မူ Warholသည် နှလုံးရောဂါဖြင့် သေခြင်းတရားကို မလွန်ဆန်နိုင်ဘဲ ကွယ်လွန်ခဲ့ပါသည်။ Andy Warhol ပြတိုက်အား ၁၉၉၄ ခုနှစ် မေလတွင် သူ၏မွေးရပ်မြေ Pennsylvania ရှိ Pittsburgh တွင် ဖွင့်လှစ်နိုင်ခဲ့ပါသည်။ Andy Warhol ရေးသားခဲ့သော သေတမ်းစာအရ ပန်းချီလောကကြီး တိုးတက်ရှင်သန်နေစေရန်အတွက် Andy Warhol Foundation for the Visual Arts အမည်ဖြင့် ငွေပဒေသာပင်များ စိုက်ထူပေးနိုင်ခဲ့ပါသည်။

Submitted Date : 25, Sep, 2008