Media Feature
Edouard Manet

ခေတ်သစ်ပန်းချီလောကအား ဆန်းသစ်စေခဲ့သူ ပြင်သစ်နိုင်ငံ ၏ ပန်းချီအကျော်အမော် Edouard Manet အား ၁၈၃၂ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ပြင်သစ်နိုင်ငံ ပါရီမြို့တွင် မွေးဖွားခဲ့ပါသည်။ Manet သည် သူ၏ ပန်းချီလက်ရာများတွင် ရိုးရာဓလေ့ ထုံးစံများကို လွန်ဆန်ကာ ကွဲပြားခြားနားမှုများစွာဖြင့် ရေးဆွဲခဲ့ပါသည်။ Manet ၏ ဖခင်မှာ အစိုးရ အရာရှိကြီးတစ်ဦီး ဖြစ်ပြီး သားဖြစ်သူ၏ ပန်းချီဆရာ ဖြစ်လိုသော ရည်ရွယ်ချက်အား အပြည့်အ၀ ထောက်ခံမှု မပြုခဲ့ပေ။ Manet သည် ပညာသင်နှစ်များ ပြီးဆုံးသောအခါ ရေတပ်အရာရှိ တစ်ဦး ဖြစ်လာစေရန် အတွက် စိတ်အားထက်သန်မှု မရှိဘဲ နုတ်ထွက်ကာ ပန်းချီ ဆရာကြီး Thomas Couture ထံတွင် ပန်းချီပညာများကို လေ့လာဆည်းပူးခဲ့ပါသည်။

Manet သည် ၁၈၅၆ ခုနှစ်တွင် Holland, Germany, Austria, and Italy စသည့်နိုင်ငံများသို့ သွားရောက်ကာ ပန်းချီပြပွဲများတွင်ပါဝင် နိုင်ခဲ့ပါသည်။ ၁၈၆၀ နယူးယောက် ရှိ Metropolitan ပန်းချီခန်းမတွင် စပိန်ဂီတပညာရှင်တစ်ဦး အဖြစ် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း Manet ပြသခဲ့သည့် ဦးတည်ချက်ကင်းမဲ့လွန်းသော နှစ်ဘက်မြင်ပန်းချီကားများမှာ သူ၏ ပန်းချီပညာအား ပို၍အငြင်းပွားဖွယ်ရာများ ဖြစ်စေခဲ့ပါသည်။ Manet သည် စပိန်တို့၏ သင်္ကေတအမှတ်အသားများမှ ခွဲထွက်ကာ သူ၏ဆန်းကြယ်သော အနုပညာလက်ရာများသည် ပရိတ်သတ်များ၏ ရှေ့မှောက်သို့ အောင်မြင်စွာ ထိုးထွက်နိုင်ခဲ့ပါသည်။ Manet သည် သူ၏ ပန်းချီလက်ရာများအား ထိုခေတ်ပန်းချီလောကနှင့် ယှဉ်ပြိုင်ရန် အတွက် ကြိုးစားသော်လည်းယဉ်ကျေးမှု နှင့် မညီညွတ်သောပန်းချီကားများဖြစ်သည် ဟုဆိုကာ ပြသခွင့် မရရှိခဲ့ပေ။ သို့သော်လည်း အနုပညာရှင်တို့၏ လက်ရာများကို ပိတ်ပင်ခံရသဖြင့် ဆန့်ကျင်သူများကြောင့် des Refuses ပန်းချီပြခန်းမှ ဦးဆောင်ကာ ထိုပန်းချီလက်ရာများအား ပြသခဲ့ပါသည်။

Manet သည် သူ၏ ဆန်းကြယ်သော စုတ်ချက်များ အရောင်ရောစပ်မှုများဖြင့် မိမိ၏ ရည်ရွယ်ချက်များကို ပရိတ်သတ်အား ပေါ်လွင်ထင်ရှားအောင် ပြသနိုင်ခဲ့ပါသည်။ ထို့အတူ သူ၏ ပန်းချီလက်ရာများသည် လူငယ်ပန်းချီဆရာများကို စိတ်ဓာတ်ခွန်အားများ ပေးစွမ်းနိုင်ခဲ့ပါသည်။ Manet သည် ရိုးရာဓလေ့ထုံးစံများနှင် ဆန့်ကျင်ကာ ခေတ်သစ် ပန်းချီလောကကိုပုံဖော်နိုင်ခဲ့ပါသည်။ Manet ၏ သဘာဝကျသော ပန်းချီလက်ရာများကို ကောင်းမွန်စွာ ဖန်တီးနိုင်ခဲ့ပါသည်။ နောက်ပိုင်းကာလများတွင်မူ ကမ်းခြေနှင့် မြို့ကြီးများ ၏ သဘာဝအလှပုံများကို ရေးဆွဲခဲ့ပါသည်။ Manet ၏ နာမည်ကျော် ပန်းချီလက်ရာ တစ်ခုဖြစ်သည့် A Bar at the Folies-Bergere သည် သူ၏ ပန်းချီလက်ရာများကို ထောက်ခံမှုများစွာ ရရှိခဲ့ပါသည်။ Manet သည် ၁၈၈၃ ခုနှစ်တွင် ကွယ်လွန်ခဲ့သော်လည်း ၁၉ရာစု အလယ်ပိုင်းတွင် ပန်းချီလောကတွင် အမြဲအမှတ်ရနေမည့် အထင်ကရ ပြင်သစ်ပန်းချီရှင် တစ်ဦးပင်ဖြစ်ပါသည်။

Submitted Date : 25, Sep, 2008