Media World Art News List
Fortune in Warhol Pop Art stolen

နာမည်ကျော် Pop Art ပန်းချီ ဆရာကြီး Andy Warhol ၏ ဒေါ်လာ သန်းပေါင်း များစွာ တန်ဘိုး ရှိသော မူရင်း လက်ရာ ပန်းချီကား များသည် Los Angeles ရှိနေအိမ် တစ်အိမ်မှ ခိုးယူခံလိုက်ရ ကြောင်းကိုရဲတပ်ဖွဲ့ မှပြောကြား ခဲ့ပါသည်။ စက်တင်ဘာလ ၃ ရက်နေ့ တွင်ပန်းချီကား စုဆောင်းသူ Richard L Weisman ၏အိမ်အကူမှ နေအိမ် ထမင်းစား ခန်းနံရံပေါ်ရှိ ပန်းချီကား ၁၁ ချပ် ပျောက်ဆုံး နေသည်ကို သတိပြုခဲ့ မိကြောင်းLos Angeles ရဲဌာန အကြီးအကဲ Donald Hrycyk မှပြောကြားခဲ့သည်။ အိမ်အကူမှ ရဲတပ်ဖွဲ့ကိုအကြောင်း ကြားခဲ့ သည့်အတွက် စုံစမ်း စစ်ဆေး သူများသည် မြေအောက်ဂိုဏ်း များရှိ အနုပညာ လက်ရာ ခိုးယူသူ များနှင့် အတုအပပြု လုပ်သူများ အားဖေါ်ထုတ်ဖမ်းဆီးရာ တွင်နှစ်ပေါင်းများစွာအတွေ့အကြုံရှိသူ Hrycyk အားခေါ်ယူခဲ့သည်။ခိုးယူမှုတွင် နေအိမ် အားအတင်း ချိုးဖျက် ၀င်ရောက်ခဲ့သည့် အခြေအနေ မတွေ့ရှိရကြောင်း ကို Hrycyk မှပြောကြားခဲ့သည်။အခင်းဖြစ်ပွါးသည့် အချိန်ကလမ်း ပေါ်တွင်ကြက်သွေးရောင် Van ကားတစ်စီး အား မျက်မြင် သက်သေ တစ်ဦးမှတွေ့ရှိခဲ့ သည်မှလွဲ၍ အခြားသံသယ ဖြစ်ဖွယ် အချက် အလက် များမရရှိသေး ပေ။

ပန်းချီကား များပြန်လည် ရရှိရေး အတွက် သတင်းပေးနိုင်သူအား ဆုကြေးငွေ ဒေါ်လာ တစ်သန်း ချီးမြှင့် မည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။ Weisman အနေဖြင့် ပန်းချီ ကားများ ပျောက်ဆုံး နေကြောင်း မသိရှိမီ တစ်ရက် အလိုက ပင်အိမ်မှထွက်သွား ခဲ့သော ကြောင့်မည့်သည့် အချိန်က ခိုးယူခံခဲ့ရ သည်ကို အတိအကျ သိရှိရန် ခက်ခဲ ကြောင်းရဲတပ်ဖွဲ့မှပြော ကြားခဲ့သည်။ ဘဏ်လုပ်ငန်းရှင် ဟောင်း တစ်ဦးဖြစ်သူWeisman မှာ ထင်ပေါ် ကျော်ကြား သည့်အနုပညာ လက်ရာ စုဆောင်း သူမျိုးရိုးမှ ဆင်းသက် လာသူဖြစ်သည်။ သူ၏ မိဘနှစ်ပါး မှာဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အနုပညာ လက်ရာ အများအပြား ကိုစုဆောင်း ခဲ့သူများ ဖြစ်ကြသည်။ "ဒါဟာ အလွန်ကြီးမား တဲ့ပမာဏတစ်ခုပါပဲ။ အရေးကြီး အနုပညာလက်ရာ တွေကိုသိသာ တဲ့အရေအတွက်နဲ့ ပျောက်ဆုံးသွား သူတစ်ယောက် အကြောင်းကို ပြောနေကြခြင်းဖြစ်ပါတယ်" ဟု Santa Monica ရှိWarhol ၏ prints များကိုပြသထားရာ Greenfield sack gallery မှ ညွှန်ကြားရေးမှုး Tyler Lenkimမှပြောကြားခဲ့သည်။

source:latimes.com
Submitted Date : 17, Sep, 2009