Media World Art News List
Van Dyck last self-portrait in auction

Sir Anthony Van Dyck မသေဆုံးမီလများအတွင်း ၁၆၄၁ ခုနှစ်တွင် ရေးဆွဲခဲ့သော သူ၏နောက်ဆုံး ကိုယ် တိုင်ရေးပုံတူပန်းချီကားကို ပေါင်သုံးသန်းခန့်ဖြင့်ရောင်းချရန် ခန့်မှန်းထားသည်။ ထိုပန်းချီကားသည် ထိန်း သိမ်းထားသူများ၏ လက်ထဲတွင် နှစ်ပေါင်း ၃၀၀ ခန့်ကြာရှိနေပြီဖြစ်သည်။ ထိုပန်းချီကားကို လာမည့်ဒီဇင်ဘာ လတွင် လေလံတင်ရောင်းချမည့် Sotheby’s UK ၏ ဥက္ကဌဖြစ်သူ David Moore Gwyn မှ ပန်းချီကားမှာ ပန်း ချီဆရာ၏ အကောင်းဆုံး လက်ရာများတွင် တစ်ခုအပါအ၀င်ဖြစ်ကြောင်း၊ Sotheby’s တွင် မိမိ၏လုပ်သက် ၃၅ နှစ်အတွင်း Van Dyck ၏ အရေးကြီးဆုံး ကိုယ်တိုင်ရေးပုံတူ လက်ရာတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ မကြာသေးမီက Tate တွင် ကျင်းပခဲ့သော Van Dyck and Britain ပန်းချီပြပွဲတွင် ထိုပန်းချီကားမှာ ထင်ရှားခဲ့သည်။ ပန်းချီကားထဲတွင်ပန်းချီဆရာသည်သတိပြုမိလောက်စရာအနက်နှင့် အဖြူရောင်ပိုးသားဝတ် စုံကို ၀တ်ဆင်ထားသည်။ Van Dyck သည် ထိုပန်းချီကားကို လန်ဒန် blackfriars ရှိ သူ၏နေအိမ်တွင် မသေဆုံးမီ ၁၆၄၁ ခု နှစ်ကရေးဆွဲခဲ့သည်။ ပန်းချီကားမှာ Van Dyck ၏ ကိုယ်တိုင်ရေးပုံတူကားသုံး ကားအနက်မှတစ်ကားဖြစ်သည်။ နောက်တစ်ချပ်ကို Westminster နယ်စားကြီးမှ ပိုင်ဆိုင်ပြီး တခြားတစ်ချပ် မှာ စပိန်နိုင်ငံရှိ Prado ပြတိုက်တွင် တည်ရှိသည်။ ယခု ပန်းချီကားကိုမူ ပန်းချီဆရာ Sir Peter Lety က ပိုင်ဆိုင်ခဲ့ပြီး ပန်းထိမ်ဆရာတစ်ဦးမှ မြို့တော်ဝန်ဖြစ်လာခဲ့ပြီးနောက် အင်္ဂလန်တွင် အချမ်းသာဆုံး စာရင်းဝင် ဘဏ်လုပ်ငန်းရှင်တစ်ဦးဖြစ်ခဲ့သူ Sir Francis Child က ၁၇၁၂ မှ စ၍ မိသားစုအဆက်ဆက်ပိုင်ဆိုင်ခဲ့သည်။

source:guardian
Submitted Date : 8, Oct, 2009