Media World Art News List
Thanks for memories, Andy Warhol

၁၉၆၅ ခုနှစ် နွေဦး ရာသီ ၏ နေ့ တစ်နေ့တွင် Brooklyn မှ အထက်တန်း ကျောင်းသူ Cathy Naso သည် Andy Warhol ၏ စတူဒီယိုသို့ ရောက်ရှိလာခဲ့သည်။ သူမအနေဖြင့် Warhol ၏ အကြောင်းကို Assignment ရေးရန် ဖြစ်သော်လည်း ထိုအချိန်၌ စတူဒီယိုတွင် ဧည့်ကြို တစ်ယောက် လိုအပ် နေသော ကြောင့် Ms.Naso နှင့် အတန်း ဖော်များသည် ထို အလုပ် နေရာ အတွက် စာရင်း သွင်းခဲ့ကြသည်။ သူမသည် ကျောင်းအားရက်များအတွင်း ထို နေရာ၌ နှစ်နှစ် ခန့် အလုပ် လုပ်ခဲ့သည်။ Warhol မှ သူမ၏ အလုပ်ကြိုးစားမှုအတွက် ဆု အဖြစ် ကိုယ်တိုင်ရေး ပုံ တူပန်းချီကား တစ်ချပ် ချီးမြှင့်ခဲ့သည်။ နှစ်ပေါင်း လေးဆယ် ကျော်ကြာ ပြီးသည့် နောက်တွင် သူမ သည် ထိုပန်း ချီကားကို ရောင်းချရန် ဆုံးဖြတ် ခဲ့သည်။ နိုဝင်ဘာလ ၁၁ ရက်တွင် ကျင်းပမည့် Sotheby’s ၏ contemporary လက်ရာ များ အရောင်း ပွဲတော်တွင် ထို ပန်းချီကားကို ရောင်းချ မည်ဖြစ်ပြီး ဒေါ်လာ ၁ သန်းမှ ၁.၅ သန်းခန့်ရရှိ မည်ဟု ခန့်မှန်း ထားသည်။ Ms.Naso သည် ထိုပန်းချီကားကို သူမ၏ မီးဖိုချောင်ထဲတွင် ချိတ်ဆွဲထားခဲ့သော် လည်း ခိုးယူခံရမည်ကို စိုးရိမ် သည့် အတွက် ဗီရိုတစ်ခုထဲတွင် သိမ်းဆည်း ထားခဲ့သည်။ Art & Design ကျောင်း သူ တစ်ဦးဖြစ်သူ Ms.Naso သည်သူမ ၏ အားလပ်ချိန်များ ကို အနုပညာ ပြခန်းများ သို့သွားရောက် လေ့လာရင်း အချိန် ကုန်ခဲ့သည်။သူမ၏ Assignment အတွက် Warhol ကိုရွေးချယ်ခဲ့ခြင်းမှာ Warhol သည် အနုပညာ ကမ္ဘာ၏ အလယ် ဗဟိုချက် ဖြစ်သော ကြောင့်ဖြစ် ကြောင်းကို ပြန်ဟြေင်း ဟြေပြ ခဲ့သည်။
Ms.Nasoမှ ထိုစဉ်က အဖြစ် အပျက် များစွာ ကိုသတိရ နေမိ ကြောင်း မိမိ တို့သည်Warholအားရို သေ လေးစား ခဲ့ကြောင်း Warhol သည်အလွန်ကြင်နာ သနား တတ်သူ ဖြစ်ပြီး မိမိတို့အား အကာ အကွယ်လည်းပေးတတ်သူဖြစ်ကြောင်းကိုပြောပြခဲ့ သည်။ Warholသည် ကိုယ်တိုင် ရေးပုံ တူများ ရေးဆွဲနေသော နေ့တစ်နေ့ တွင် Ms.Naso အား အကြိုက်ဆုံး နောက်ခံအရောင်ကို မေးမြန်းခဲ့ သည့်အတွက် သူမမှ အနီနှင့် ခရမ်း ရောင်ကို ရွေးချယ်ပေး ခဲ့သည်။ ပန်းချီ ကားမှာ ဗီရိုထဲ တွင်နှစ်ပေါင်း များစွာရှိနေခဲ့သောကြောင့်အရောင်များမှာအသစ်ကဲ့ သို့ပင်လှုပ်ရှား တက်ကြွနေဆဲဖြစ် ကြောင်း၊ မှန်ဘောင်ကွပ် ထားသော ကြောင့်အစင်းရာ အခြစ်ရာများ ပင်မရှိ ကြောင်း Sotheby’sမှတာဝန်ရှိသူတစ် ဦးက ဟြေကြားခဲ့သည်။ Ms.Naso မှ ပန်းချီကား ကို မိမိအနေဖြင့် ထာဝရသိမ်း ထားလိုကြောင်း သို့သော်ယင်း မှာအနုပညာ ကမ္ဘာမှပိုင် ကြောင်း၊ မိမိ အနေဖြင့် တန်ဖိုးထား ခဲ့ပြီးဖြစ် သည့်အတွက် တန်ဖိုး ထားပိုင် ဆိုင်သွား မည့်သူ ကိုအလိုရှိကြောင်း ပြောကြားခဲ့ သည်။

source:NYTimes
Submitted Date : 4, Nov, 2009