Media World Art News List
World's Most Popular Oil Painting For 2009

နာမည်ကျော် online art gallery တစ်ခုဖြစ်သော overstockart.com မှ 2009 ခုနှစ် အတွက် ထိပ်တန်းဆီဆေးပန်းချီကား ၁၀ ချပ်ကိုတင်ပြခဲ့သည်။ Vincent Van Gogh ၏ Starry Night အမည်ရှိပန်းချီကားမှာ နံပါတ်တစ်နေရာကို ရရှိခဲ့သည်။ ထိုပန်းချီကားသည် ၂၀၀၈ ခုနှစ်တွင် နံပါတ်တစ်နေရာ ရရှိခဲ့သော Gustar Klimt ၏ The Kiss အမည်ရှိ ပန်းချီကားကိုဖယ်ရှားကာ နံပါတ်တစ်နေရာသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။ overstockart.com ၏ စာရင်းအရထိပ်တန်းပန်းချီကား ၁၀ ချပ်အနက် နံပါတ်တစ်ဖြစ်သော Starry Night နှင့် နံပါတ်နှစ်ဖြစ်သော Cafe’ Terrance at night တို့ကို Van gogh က ရေးဆွဲခဲ့ခြင်းဖြစ်သည်။ Van Gogh သည် ကမ္ဘာ့အကျော်ကြားဆုံး ပန်းချီဆရာအဖြစ် ဆက်လက်ရပ်တည်နေပြီး သူ၏ရောင်းအားမှာလည်း အခြားသောပန်းချီဆရာများကို ကောင်းစွာအနိုင်ရရှိသွားပြီဖြစ်ကြောင်း overstockart.com ၏ CEO ဖြစ်သူ David sasson က ပြောကြားခဲ့သည်။ overstockart.com ၏ စာရင်းအရ online တွင် ရောင်းချခဲ့ရသော ထိပ်တန်းပန်းချီကားများမှာ-
1."Starry Night" - Vincent van Gogh
2. "Café Terrace at Night" - Vincent van Gogh
3. "The Kiss" - Gustav Klimt
4. "Poppy Field at Argenteuil" - Claude Monet
5. "Luncheon of the Boating Party" - Pierre Auguste Renoir
6. "Garden Path at Giverny" - Claude Monet
7. "The Rest" - Pablo Picasso
8. "Red Cannas" - Georgia O'Keeffe
9. "Farbstudie Quadrate" (Color Study of Squares) - Wassily Kandinsky
10. "The Dream" - Pablo Picasso
တို့ဖြစ်ကြသည်။ Mr.Sasson က အများ၏ တောင်းဆိုမှုကြောင့် ထိပ်တန်း ၁၀ ခု စာရင်းကို နှစ်စဉ်ထုတ်ပြန်ရခြင်းဖြစ်ကြောင်း၊ လူအများစုအနေဖြင့် မည်သည်ကရောင်းအားအကောင်းဆုံး ဖြစ်နေသည်ကို သိလိုကြကြောင်း ပြောကြားခဲ့သည်။ စီးပွားရေးလောကတွင် ကုမ္ပဏီအများစုသည် မိမိတို့၏ စားသုံးသူများကို ခေတ်သစ်ဆွဲဆောင်မှု အနေဖြင့် နောက်ဆုံးပေါ် အခန်းတွင်းပြင်ဆင်မှုများကို ပြုလုပ်လာကြပြီဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောကြားခဲ့သည်။

source:hamptons.com
Submitted Date : 30, Dec, 2009