Media World Art News List
Art dealer Mira Godard dead at 82

ပန်းချီကားရောင်းဝယ်သူ Mira Godard သည်1982 ခုနှစ်၊ တစ်ခုသောတနင်္လာနေ့တွင် ရှည်ကြာသော ဖျားနာမှုတစ်ခု ပြင်းထန်စွာခံစားရပြီးနောက် ရုတ်တရက်သေဆုံးခဲ့သည်ဟု သိရသည်။ သူမသည် Canadian လူမျိုး Visual Artists များဖြစ်သောTakeo Tanabe, Jean Me Ewan, Mary Pratt, Joe Fafard , Alex Colville နှင့် David Milne ကဲသို့သောကြယ်ပွင်းများစာရင်းထဲ မှာ တစ်ယောက်အပါအ၀င်ဖြစ်ပါတယ်။ Gadardဟာသူမရဲ့အသက်အရွယ် နဲ့ ပတ်သက်ပြီး အဆောင်အယောင်တစ်ခုအဖြစ်လျှို့ဝှက်ထားသော်လည်း Toranto မှာရှိတဲ့ Mira Godard Gallery အတွက် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တော့ သူမဟာ ၁၉၂၈ ခုနှစ်မှာ မွေးဖွားခဲ့တယ် လို့ပြောပါတယ်။သူမဟာ ၁၉၄၀ ခုနှစ်နောက်ပိုင်းမှာ Romania ရဲ့ သံကန့်လန့်ကာနောက်ကွယ်က နေ လူအများ သတိမေ့နေခဲ့ရာမှ သူမရဲ့ မိသားစုနဲ့အတူ သူမရဲ့ တိုင်းပြည်ကို ပြန်သွားခဲ့ပါတယ်။သူမဟာ ပထမအစမှဲာ့ Zurich မှာ အခြေချလျက် ၁၉၅၀ ခုနှစ် မှာတော့ Montreal သို့ ပြောင်းရွှေ့နေထိုင်ခြင်း မပြုခင်မှာ Paris မှာ အခြေချ နေထိုင်ခဲ့ပါတယ်။ ရာစုနှစ် သုံးခုနှစ်ကျော်ကျော်လောက်မှာတော့ (အခြားအထင်ကရ ပုဂ္ဂိုလ်များကြားထဲမှာ) ၁၉၆၁ ခုနှစ် Montreal မှာတော့သူမစိတ်ကူးပေါ်သလိုလုပ်ထားတဲ့Agnes-Lefort-Galleryမှာသူမရဲ့ပန်းချီကားရောင်းဝယ်မှုတွေနဲ့အတူအစပြုလျှက်ပြည်တွင်းရောပြည်ပမှာပါပန်းချီကားရောင်းဝယ်သူတစ်ယောက်အနေနဲ့ရှေ့ဆောင်လမ်းပြသူဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းကျမှ Calgary မှာ စီးပွားရေးအရ တွက်ခြေကိုက်သော Showcase Gallery တစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။ ထိုသို့ပြုလုပ်ခဲ့ခြင်း ဟာ ၁၉၈၀ ခုနှစ်ရဲ့ ကြီးမားသော စီးပွားရေး ကျဆင်းမှုကို လျှော့ချရန် တွန်းအား တစ်ခုသာ ဖြစ်တယ်လို့ သူမက ဆိုပါတယ်။ ဘာသာစကားသုံးခုလောက်ကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သော သူမဟာ မွေးရာပါ တာဝန်ဟုသော ခံစားချက်ဆိုတာထက် ပိုတဲ့ခံစားချက်ဖြင့် စီးပွားရေး သမားတစ်ယောက်အဖြစ် Visual Arts တွေနဲ့ တွေ့ထိလျှက် လမ်းသစ်ထွင်သူတစ်ယောက်ဖြစ်နေခဲ့တယ်။သူမဟာMcGillတက္ကသိုလ်မှပေးအပ်သောMBAဘွဲ့ကိုလည်းရရှိပိုင်ဆိုင်ထားသေးတယ်။နှာတံချွန်ချွန်နှင့်စူးရှသောမျက်ဝန်းအစုံကို ပိုင်ဆိုင်သောသူမရဲ့ထက်မြက်သောရုပ်ရည်တွေအပြင်ပညာဗဟုသုတနှင့်ပြည့်စုံသောသူမရဲ့နောက်ခံBackground တို့ကြောင့်ခေါင်းမော့နေနိုင်ခဲ့ပါတယ်။သူမဟာသူမရဲ့ပန်းချီဆရာတွေရေးဆွဲသောပန်းချီလက်ရာတွေကိုအသိအမှတ်ပြုမှုလေးတောင်မရှိခဲ့ပါဘူး။သူမစိတ်ဝင်စားတာက ဒီပန်းချီကားတွေကို ရောင်းမယ် ။ပြီးတော့ကမ္ဘာကျော်အောင်လုပ်မယ်။အနည်းဆုံး Canada နိုင်ငံထဲမှာပဲဖြစ်ဖြစ် လူတွေရဲ့အလေးထားမှုကို ရချင်ခဲ့တယ်။ ဒါတွေကတော့Alex Colville က စနေ့နေ့ ညဘက်မှာ သူမနဲ့ ပတ်သက်တဲ့ အကြောင်း တစေ့တစောင်းကို ၁၉၈၁ ခုနှစ် ရဲ့နောက်ပိုင်းအဖြစ်အပျက်တွေမှ အစပြနောက်ကြောင်းပြန်ပြီး ပြောပြခဲ့တာဖြစ်ပါတယ်။သူမအမြဲသုံးနေကျ ဆောင်ပုဒ်တစ်ခုရှိပါတယ်။ “Nothing stops her.No stone is left unturned”တဲ့ ။ဒါဟာသူမရဲ့စိတ်ဓာတ်နဲ့အမူအကျင့်ကိုဖော်ပြနေတယ်လို့ထင်ပါတယ်။သူမရဲ့ထိုကဲ့သို့သောစိတ်ဓာတ်တွေကြောင့်သူမကိုလူတွေကဝေဖန်ကောင်း ဝေဖန်ကြပါလိမ့်မယ်။ဒါပေမယ့် ကျွန်တော်ကတော့သူမကိုသဘောကျနှစ်ခြိုက်မိပါတယ်လို့ သူက ဆိုခဲ့ပါတယ်။

Submitted Date : 27, Sep, 2010