Media World Art News List
Camden library displays oil paintings by artist of the month

ပန်းချီဆရာ Colin Page ရဲ့ ဆီဆေးပန်းချီကားများကို Camden Public Library ရှိ Picker Room တွင် မတ်လအတွင်းပြသခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားကို မတ်လ (၁၂) ရက် စနေနေ့ ညနေ (၄) နာရီတွင် စတင် ကျင်းပပြီး ပန်းချီဆရာမှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။ ပြပွဲတွင် Rockland ရှိ Dowling Walsh Gallery မှ လက်ရာများကို ပြသခဲ့ပါသည်။

ရှုမျှော်ခင်းများရဲ့ အလင်း ၊ လေထုစုစည်းများကို ဖမ်းစားပြီး Page ဟာ သူ့ရဲ့ အလုပ်အားလုံးကို တစ်နေရာတည်းမှာပဲ လုပ်ဆောင်ခဲ့ပါတယ်။ ဒီအရာအားလုံး အကူအညီနဲ့ သူ့ပတ်ဝန်းကျင်မှာ ရှိတဲ့ တဒင်္ဂအလှတရားကို ရှာဖွေတွေ့ရှိမယ်လို့ သူယုံကြည်နေပါတယ်။ ပန်းချီဆွဲနေစဉ် တစ်လျှောက် ဖော်မပြနိုင်သော တဒင်္ဂအလှတရားတွေက သူ့အနားပတ်ဝန်းကျင်မှာ တွေ့ရှိနေရတယ်လို့ Page က ပြောပြခဲ့ပါတယ်။ ပန်းချီရေးဆွဲခြင်းဟာ သူ့ရဲ့ အတွေ့အကြုံရှိသော ကဗျာအင်္လကာ သီကုံးမှုများကို ဝေငှခြင်းလည်း ဖြစ်ပါတယ်။ အလှတရားတွေကို အမြဲတမ်း စိတ်ဝင်တစား ရှာဖွေပြီး ဘယ်အရာကိုမှ သာမန်အနေနဲ့ မကြည့်ခဲ့ပါဘူးလို့လည်း ပြောပြခဲ့ပါတယ်။

Page ရဲ့ဘ၀ဟာ Baltimore မှ စတင်ခဲ့ပြီး Rhode Island School ဒီဇိုင်းကျောင်းမှာ တက်ရောက်ခဲ့ပါတယ်။ ပန်းချီပညာကို အာရုံစူးစိုက်လာသည်နှင့် တကွ သူဟာ Copper Union သို့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဘွဲ့ရပြီးနောက် Page ဟာ New York မြို့မှာ သုံးနှစ်ကြာ နေထိုင်ခဲ့ပါသည်။ ပိုမို သာယာလှပသော နယ်မြေ ရှုခင်းများကို ရှာဖွေရင်း Page ဟာ Maine သို့ ပြောင်းရွှေ့လာခဲ့တယ်။ အဲဒီနောက်မှာ သူ့ဘ၀ရဲ့ အချိန်များ အားလုံးကို သူ့ရဲ့ အနုပညာ အပေါ်မှာပဲ မြှုပ်နှံထားခဲ့ပါတယ်။

Submitted Date : 27, Mar, 2011